Wednesday, June 5, 2013

ကြွက်နို့ ပျောက်ဆေး လွယ်လွယ်လေး

ကြွက်နို့ ဆိုသောရောဂါသည် လူမြင်ကွင်းများဖြစ်သော လက်ခြေစသောနေရာများတွင်အပေါက်များသော

ရောဂါဖြစ်သည်။ထိုရောဂါသည် မကုသတတ်လျင်ခက်ခဲလှပေသည်။ ကုသတတ်လျင်လွယ်ကူလှပေသည်။

ကြွက်နို့ ကိုလွယ်ကူစွာပျောက်တဲ့ အိမ်သုံးဆေးနည်းမှာ မီးဖိုချောင်ထဲမှရသောဆေးနည်းဖြစ်ပါသည်။

ပထမဦးစွာ မိမိသတ်လို သောကြွက်နို့ ကို ဆပ်ပြာနှင့်ရေစင်အောင်ဆေးပါ၊ ပြီးလျင်ရေကိုစင်အောင်သုတ်ပါ

ရေသုတ်ပြီးလျင် ကြွက်နို့ အား သန့် ရှင်းသော အပ်ဖြင့် သွေးထွက်အောင် ထိပ်ဝတွင် ပတ်လည်ထိုးစွပါ


သွေးထွက်အောင် ပြုလုပ်ပြီးလျင် မီးဖိုချောင်မှ မန်ကျည်းမှည့် မန်ကျည်းတစ်စေ့ခန့် ယူကာသွေးထွက်နေ

သောကြွက်နို့ ထိပ်ဝကို အုံပြီးကပ်ထားလိုက်ပါ၊ အနည်းငယ်စပ်ဖျင်းဖျင်းနေသည်မှလွဲ၍ နာကျင်စွာခံစား

ရခြင်းမရှိပါ၊နောက်နေ့ တွင်ကြွက်နို့ ထိပ်ဝသည်မဲပြီးခြောက်သွားပါလိမ့်မည်။ မဲပြီးခြောက်သွားလျင်ဆက်

လက်ထားလိုက်ပါ၊ တစ်ပါတ်ခန့် ကြာလျင် အလိုလိုကြွက်နို့ သည်ကျွတ်ထွက်သွားပါလိမ့်မည်။နောက်ရက်

အနည်းငယ်ကြာလျင် ကျွတ်ထွက်သွားသောနေရာတွင် အသားပြန်ပြည့်၍ ကြွက်နို့ ဘယ်သောအခါမှပြန်

မပေါက်တော့ပါ။ သူငယ်ချင်းများ၏ကိုယ်တွေ့ ဆေးနည်းကိုမျှဝေလိုက်ပါသည်။ကြွက်နို့ ရောဂါမှကင်းဝေး

ကြပါစေ...

ခင်မင်လေးစားစွာဖြင့်.....

                                                                             မောင်နေထွန်းလှိုင်(ပုသိမ်)


0 မှတ်ချက်:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks