ပရိုတင်းဓာတ်ဟာ ခန္ဓာကိုယ်ကြွက်သားတွေကို တည်
ဆောက်ပေးပြီး တစ်သျှူးတွေကို ပြန်လည်ပြုပြင်ပေးပါတယ်။ ပရိုတင်းက ခန္ဓာကိုယ်ဖြစ်စဉ်တွေကို ထိန်းညှိပေးတဲ့ ဟော် မုန်းနဲ့ အင်ဇိုင်းတွေကို ထုတ်ပေးပါ တယ်။ ပရိုတင်းဓာတ် အလုံအလောက်ရရှိရင် ရောဂါဝေဒနာတွေ မဖြစ်အောင် ကာကွယ်ပေးကာနေ့စဉ် လိုအပ်တဲ့ စွမ်းအင်တွေကို ရရှိစေ ပါတယ်။ ဦးနှောက်လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပြီး အာရုံစူးစိုက် အားကို တိုးတက်စေပါတယ်။ ယေဘုယျအားဖြင့် အမျိုးသားတွေက တစ်နေ့မှာ ပရိုတင်းဓာတ် ၅၀-၆၀ ဂရမ် လိုအပ် ပြီး အမျိုးသမီးတွေက တစ်နေ့မှာ ပရိုတင်းဓာတ် ၄၀-၄၅ ဂရမ်လိုအပ်ပါတယ်။ ပရိုတင်းဓာတ် ပါဝင် မှုအများဆုံး အစာတွေက အသား၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ ဖြစ်ကြပါတယ်။ သက်သတ်လွတ်စားသူတွေ အနေနဲ့ ပရိုတင်း ဓာတ်ကို အလုံအလောက် ရရှိစေဖို့ရာအတွက် အောက်ပါ ဟင်းသီးဟင်းရွက်တွေကို စားပေးနိုင်ပါတယ်။



Time in Pathein