Showing posts with label ဆေးဖက်ဝင် ခြံထွက် သခွားသီး. Show all posts
Showing posts with label ဆေးဖက်ဝင် ခြံထွက် သခွားသီး. Show all posts

Thursday, June 27, 2013

ဆေးဖက်ဝင် ခြံထွက် သခွားသီး


==================
မြန်မာ့ရိုးရာ ဟင်းလျာနှင့် ထမင်းဝိုင်းတွင် တို့စရာအဖြစ် သခွားသီးကို ကြိုက်နှစ်သက်စွာ စားသုံးကြသည်။
သခွားသီးက ကျန်းမာရေးအတွက် အထောက်အပံ့ ပြုနေသဖြင့် အိမ်ရှင်မ များ၏ လက်သုံးဖြစ်သည်။

နူးညံ့ကြွပ်ဆတ်ပြီး အရည်ရွှမ်းသော သခွားသီးတွင် ရေဓာတ် ၉၈ ရာခိုင်နှုန်း ပါဝင်သည်။ ဗီတာမင်စီ၊ ကယ်ရိုတင်း ကစီ၊ ထုံးဓာတ်၊ မီးစုန်းဓာတ်များ ပါဝင် ကြသည်။ အလှပြင်ရာဝယ် သခွားသီးဖြင့် အရေပြားကို ပွတ်ပေးပါက အရေပြား သန့်စင် နူးညံ့စေသည်။ အပေါ်ယံ အရေပြား တွန့်ကြောင်းကို တင်း၍ပြောင်ချော စေသည်။
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks