Saturday, May 18, 2013

ရေခဲတုံး၏ အံ့အားသင့်ဖွယ်ရာ အသုံးဝင်ပုံများ


 ရေခဲတုံးရဲ့ အသုံးဝင်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

မျက်နှာကို လန်းဆန်းစေခြင်း

မိတ်ကပ်မလိမ်းခင် ရေခဲတုံးကို မျက်နှာအသားအရေအနှံ့ သုတ်လိမ်းပေးပါ။ ချက်ချင်းတောက်ပလာပါလိမ့် မယ်။ ရေခံတုံးကို နူးညံ့တဲ့ အ၀တ်စ ဒါမှမဟုတ်တစ်သျှူးနဲ့ အုပ်ပြီး မျက်နှာပေါ် အုပ်ပါ။ ပြီးမှ မိတ်ကပ်လိမ်း ရင် မိတ်ကပ်သား စွဲစေပါတယ်။

အုန်းဆီ၏ အံ့အားသင့်ဖွယ်ရာ အသုံးဝင်ပုံများ



အုန်းဆီဟာ သင့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းလှပရေးအတွက် အောက်ပါအတိုင်း အသုံးဝင်နေပါတယ်။

(၁) အုန်းဆီက ခြောက်သွေ့တဲ့ အရေပြားကို စိုပြည်စေပါတယ်။

(၂) ဆံကေသာအနှံ့လိမ်းပေးရင် ဆံပင်သား အဖျားနှစ်ခွဖြစ်တာကို သက်သာစေပြီး ဆံပင်သားခြောက်
 သွေ့နွမ်းနယ်မှုကို လျော့ပါးစေပါတယ်။ အုန်းဆီလိမ်းတာကြောင့် ဦးရေပြားကို စိုပြည်စေပါတယ်။

(၃) ချွေးနံ့ကင်းပြီး တစ်ကိုယ်ရေ သင်းပျံ့လိုရင် ချိုင်းမှာ အုန်းဆီအနည်းငယ်ဆွတ်ပေးသင့်ပါတယ်။

(၄) လက်သည်း၊ ခြေသည်းတွေကို အုန်းဆီလိမ်းပြီး နှိပ်နယ်ပေးရင် လက်သည်း၊ခြေသည်းတွေ မှိုစွဲတာ ကင်းစေပြီး လက်သည်း၊ ခြေသည်းတွေကို ကျန်းမာသန်စွမ်းစေပါတယ်။

(၅) ၀က်ခြံတွေ လျော့ပါးသက်သာစေဖို့ ၀က်ခြံအဖုအပိမ့်တွေပေါ်မှာ အုန်းဆီအစက်အနည်းငယ်တို့ပေးပါ။

သက်သက်လွတ်စားသူတို့အတွက် ပရိုတင်းဓာတ်ပါဝင်သော ဟင်းသီးဟင်းရွက်များ





ပရိုတင်းဓာတ်ဟာ ခန္ဓာကိုယ်ကြွက်သားတွေကို တည်
ဆောက်ပေးပြီး တစ်သျှူးတွေကို ပြန်လည်ပြုပြင်ပေးပါတယ်။ ပရိုတင်းက ခန္ဓာကိုယ်ဖြစ်စဉ်တွေကို ထိန်းညှိပေးတဲ့ ဟော် မုန်းနဲ့ အင်ဇိုင်းတွေကို ထုတ်ပေးပါ တယ်။ ပရိုတင်းဓာတ် အလုံအလောက်ရရှိရင် ရောဂါဝေဒနာတွေ မဖြစ်အောင် ကာကွယ်ပေးကာနေ့စဉ် လိုအပ်တဲ့ စွမ်းအင်တွေကို ရရှိစေ ပါတယ်။ ဦးနှောက်လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပြီး အာရုံစူးစိုက် အားကို တိုးတက်စေပါတယ်။ ယေဘုယျအားဖြင့် အမျိုးသားတွေက တစ်နေ့မှာ ပရိုတင်းဓာတ် ၅၀-၆၀ ဂရမ် လိုအပ် ပြီး အမျိုးသမီးတွေက တစ်နေ့မှာ ပရိုတင်းဓာတ် ၄၀-၄၅ ဂရမ်လိုအပ်ပါတယ်။ ပရိုတင်းဓာတ် ပါဝင် မှုအများဆုံး အစာတွေက အသား၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ ဖြစ်ကြပါတယ်။ သက်သတ်လွတ်စားသူတွေ အနေနဲ့ ပရိုတင်း ဓာတ်ကို အလုံအလောက် ရရှိစေဖို့ရာအတွက် အောက်ပါ ဟင်းသီးဟင်းရွက်တွေကို စားပေးနိုင်ပါတယ်။

အသည်းဆိုသော ထိုအရာ

ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခု၊
သူ ဘာအလုပ်တွေလုပ်နေလဲ၊
သူ့ ကို ထိခိုက်စေတာက ဘာတွေလဲ၊
မထိခိုက်အောင် ဘယ်လိုနေထိုင်ရမလဲ...
မိမိခန္ဓာကိုယ်မှာ ရှိတဲ့ အဓိက အစိတ်အပိုင်းတစ်ခုကို သိရှိနားလည်စေဖို့ ၊
ကျန်းမာရေးအသိ ဗဟုသုတ ရစေဖို့  မြန်မာလို ရှင်းလင်းလွယ်ကူအောင် အတတ်နိုင်ဆုံး ကြိုးစား ရေးသားထားပါတယ်။
                အသည်းဆိုတာကို လူတော်တော်များများသိကြပါတယ်၊ အချစ်အကြောင်း ပြောကြပြီဆိုရင် အဲဒီ နာမည်ကို ခဏခဏသုံးကြတယ်။ “အသည်းနှလုံး”ဆိုပြီးတော့ နှလုံးကိုပါ ပူးတွဲ ထည့်လိုက်ကြသေးတယ်။

လေးဘက်နာရောဂါအကြောင်း


လေးဖက်နာရောဂါ ဆိုတာကတော့ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေကြား အဖြစ်များတဲ့ အဆစ်ရောင်ရောဂါ တစ်မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးထုကြား အဖြစ်များတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ လေးဖက်နာရောဂါဟာ လူရဲ့ အသက်ကို ချက်ချင်းမသေစေနိုင်သော်လည်း စောစောစီးစီး ကုသမှုမလုပ်ရင် နာတာရှည်ရောဂါသည်ဘ၀နဲ့အိပ်ရာထဲလဲနေတာမျိုးထိ ဖြစ်နိုင်ပါတယ်။
အဲလိုမတိုင်ခင်မှာတော့ ဝေဒနာ ခံစားရသူအနေနဲ့ ရောဂါပြင်းထန်မှုပေါ် မူတည်ပြီး အဆစ်ကလေးများ နာကျင်ကိုက်ခဲ့ရမှုကြောင့် စိတ် အနှောင့်အယှက် ဖြစ်တာကစပြီး ချိနဲ့သွားကာ အလုပ်ခွင်မ၀င်နိုင်တာအထိ ဆိုးရွားတတ်ပါတယ်။
ဒါကြောင့်လည်း မြန်မာလို လေးဖက်နာ လို့ခေါ်ကြတယ် ထင်ပါတယ်။ အင်္ဂလိပ်လို့တော့ Rheumatiod Arthritis (RA ) ခေါ်ပါတယ်။ မြန်မာ အမျိုးသမီးတွေကြား အဖြစ်များတဲ့ရောဂါမို သိသလောက် ရေးတာပါ။
ရောဂါ ဖြစ်နိုင်သူများ
၁။ မိသားစုဝင် ( ညီအစ်ကိုမောင်နှမများ ) များတွင်လေးဖက်နာရောဂါ ခံစားရသူရှိခြင်း၊
၂။ ဆေးလိပ်သောက်သူများ
၃။ ကလေးမီးဖွားပြီးစနှင့် နို့တိုက် မိခင်များ
၎။ အသက်လေးဆယ်ကျော် အမျိုးသမီးများ

ရှားစောင်းလက်ပတ်အစွမ်း


အမျိုးသမီး ရာသီစက်ဝန်းအတွင်း ဆောင်သင့်၊ ရှောင်သင့်သော အစားအစာများ


အမျိုးသမီးအများစုဟာ ရာသီစက်ဝန်းကာလအတွင်းမှာဆိုရင် စိတ်ကသိကအောက်ဖြစ်တာ၊ စိတ်ဆိုးလွယ်တာ၊ စိတ်တိုတာနဲ့ မောပန်း၊ ညောင်းညာနေတာမျိုးတွေကို ကြုံရတတ်ပါတယ်။ ဒီအချိန်မှာ ဆီကြော်စာတွေနဲ့ အချိုလွန်ကဲတဲ့ အစာတွေကို ပိုပြီး စားချင်စိတ် ဖြစ်ပေါ်တတ်ပါတယ်။ ရာသီစက်ဝန်းအတွင်း စားသင့်၊ ရှောင်သင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကာဗိုဟိုက်ဒရိတ် ပါဝင်တာ စားပါ
သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေက သင့်အတွက် အမြဲတမ်း အဖော်မွန်ဖြစ်ပြီး အထူးသဖြင့် ရာသီစက်ဝန်းအတွင်းမှာ အဓိက လိုအပ်ပါတယ်။ သစ်သီးမှာ ပါဝင်တဲ့ သကြားဓာတ်က သင်ရဲ့ အချိုစာတွေ စားချင်နေတဲ့စိတ်ကို ထိန်းချုပ်နိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ မက်မွန်သီး၊ လိမ္မော်သီး၊ သင်္ဘောသီး၊ ဆီးသီး၊ သခွားသီး၊ မုန်လာဥနီ စတာတွေကို စားပေးပါ။

""အဝလွန်သူများအတွက် ရှောက်ရွက်၏ အစွမ်း""

ရှောက်ရွက်၏ အစွမ်း

""အဝလွန်သူများအတွက် ရှောက်ရွက်၏ အစွမ်း""


အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသောအမျိုးသမီးများအတွက် ပထမဦးစွာ
ရှောက်ရွက်ကြမ်းများကို ရှာထားပါ။ပုလင်းတစ်လုံးစီတွင် ရိုးရိုးသကြား
သုံးဇွန်း(ဟင်းစားဇွန်း) စီထည့် ရပါမည်။

ပုလင်းများတစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ ရေကျက်အေးများ ပုလင်းများထဲသို့အပြည့်ထည့်ပြီး အဆို့ ပိတ်လျက် နေပူတွင်ကိုးရက်စီ ထည့်ပေးပါ။

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks