Friday, May 31, 2013

အသံဝင်ရောဂါဖြစ်ခဲ့သော်....

အသံဝင်တယ်ဆိုတာ အသံကိုထွက်စေသော ကလပ်စီးများပိတ်ဆို့ ခြင်းဖြစ်ပါတယ်၊ အသံဝင်တဲ့သူဟာ 
ကိုယ်တွင်းမှာအဖန်ဓါတ်များများပါတဲ့ပစ္စည်းတွေစားသုံးတာများရင်ဖြစ်တတ်သလို ၊ အပူထဲကလာပြီးရုတ်
တရက်မိုးမိတာမျိုး ၊ ခေါင်းလျှော်ရေးချိုးလိုက်တာမျိုးဖြစ်လျင်လဲ အသံဝင်တတ်ပါတယ်၊အဖန်ဓါတ်များတဲ့
ပစ္စည်းဆိုတာ ဥပမာ လက်ဖက်ကဲ့သို့ သောအစားအစာများဖြစ်ပါတယ်၊ အဖုအကြိတ်မရှိပဲအခြားအပူ
ကြောင့်အသံဝင်ခဲ့ရင်  ကိုယ်တိုင်ကုသခဲ့သောအကောင်းဆုံးဆေးနည်းကိုဖေါ်ပြပါ့မယ်။


ထိုဆေးနည်းကတော့အခြားမဟုတ်ပါဘူး၊ မီးဖိုချောင်မှာအလွယ်တကူရတဲ့  မန်ကျည်းမှဲ့ နှင့်ဆားရယ်၊

ထန်းလျက်ခဲရယ်ဖြစ်ပါတယ်၊ မန်ကျည်းမှဲ့ ကို ကွမ်းသီးလုံးခန့် လတ်လတ်ဆတ်ဆတ်ဖျော်ပြီးဆားအနည်း
ငယ်ထည့်ကာ ထန်းလျက်ဖြင့် ချဉ်ချိုလေးဖြစ်အောင်ဖျော်ပြီး မတ်ခွက် တစ်လုံးစာ တစ်နေ့ တစ်ခွက်
သုံးရက်ခန့် သောက်ပေးလျင် ၀င်နေသောအသံပြန်ထွက်လာမည်ဖြစ်သည်။ ဒါမှအသံထွက်တာအား
မရသေးလျင် နောက်ထပ် နှစ်ရက်ခန့် ထပ်ပြီးသောက်လိုက်ပါ အဆင်ပြေသွားပါမည်။ မန်ကျည်းမှဲသည့် 
မြန်မာ့ရိုးရာဆေးပညာဖြစ်သော သြ သု ဆေးပညာကျမ်းတွင် ကလပ်စီးများကျဲစေ၍ ပိတ်နေသောအခိုး
များပွင့်စေကာ  အသံဝင်ခြင်းကိုလုံးဝပျောက်ကင်းစေပါသည်။လက်တွေ့ ကုသထားသောကုထုံးတစ်ခု
ဖြစ်ပါသည်။ ယုံကြည်စွာသုံးစွဲနိုင်ပါသည်။
                                                                      လူငယ်သမားတော်(ပုသိမ်)

0 မှတ်ချက်:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks