Showing posts with label အနောက်တိုင်းဆေးပညာဗဟုသုတ(ဗီတာမင်များအကြောင်း). Show all posts
Showing posts with label အနောက်တိုင်းဆေးပညာဗဟုသုတ(ဗီတာမင်များအကြောင်း). Show all posts

Friday, May 17, 2013

ဗီတာမင်များ အကြောင်း သိကောင်းစရာ

ဗီတာမင်စီ
Ascorbic acid လို့ခေါ်တဲ့ ဗီတာမင်စီကို ကာဗွန်၆လုံး၊ ဟိုက်ဒြိုဂျင် ၈လုံးနှင့် အောက်စီဂျင် ၆လုံးတို့ဖြင့် ပေါင်းစပ် ဖွဲ့စည်းထားပါတယ်။ ကာဗွန် ၆လုံးရှိတဲ့အတွက် ဗီတာမင်စီကို hexuronic acid ဟူ၍ ခေါ်ဆိုခဲ့ပါသေးတယ်။ ဗီတာမင်စီချို့တဲ့ခြင်းကြောင့် ရေစီးကမ်းပြိုဖြစ်ပွါးမှုဟာ ၁၇ရာစုမှ ၁၉ရာစုနှစ်အတွင်း ကမ္ဘာနှင့်အ၀ှမ်း ဖြစ်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် ပင်လယ်ပြင်တွင် လပေါင်းများစွာကြာအောင် ရွက်လွှင့်ခရီးသွားနေတဲ့ သဘောင်္သားတွေမှာ အဖြစ်များခဲ့ပါတယ်။
ဗီတာမင်စီဟာ ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဗီတာမင်အီးနှင့်မတူဘဲ ဗီတာမင်စီရဲ့ ဓါတ်တိုးဆန့်ကျင်သတ္တိကို ခန္ဓာကိုယ်ရဲ့ ရေရှိတဲ့ အစိတ်အပိုင်းတွေမှာပဲ တွေ့နိုင်ပါတယ်။ အဲဒီ ဓါတ်တိုးဆန့်ကျင်စေတဲ့ ဂုဏ်သတ္တိဟာ ဆဲလ်အတွင်းမှာရှိတဲ့  DNA ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ ဒါကြောင့်မို့ ဗီတာမင်စီဟာ ကင်ဆာဖြစ်ပွါးမှုကို လျော့နည်းစေပါတယ်။ အဓိကအားဖြင့်တော့ ဗီတာမင်စီဟာ အစာရေမျိုပြွန်ကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ အဆုတ်ကင်ဆာတွေ မဖြစ်ပွါးအောင် တားဆီးပေးနိုင်ပါတယ်။ အကင်တွေ၊ မီးခိုးကြပ်တိုက်ထားတဲ့ အစားအစာတွေဟာ အစာအိမ် ကင်ဆာဖြစ်စေတဲ့ nitrosamine ဓါတ်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဗီတာမင်စီဟာ nitrosamine ဖြစ်ပေါ်မှုကို လျော့နည်းစေပါတယ်။
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks