နေ့ လေးတစ်နေ့ ၌ သူငယ်ချင်းမင်းဦးအိမ်သို့ မရောက်တာကြာ၍ အလည်အပတ်သွားမိသည်။
သူငယ်ချင်းအိမ်ကိုရောက်တော့ သူငယ်ချင်းထမင်းစားနေသည်နှင့် ကြုံနေသဖြင့် ခဏထိုင်စောင့်
နေလိုက်သည်။ သူငယ်ချင်းကတော့အတင်းခေါ်ပြီးထမင်းကျွေးသည်။စားခဲ့ပြီးပြီဟုငြင်းကာထမင်း
ဝိုင်းကိုအမှတ်တမဲ့လှမ်းကြည့်လိုက်တော့ ဟင်းအမယ်များထဲမှ အာဝါးသီး(ငရုပ်သီး) များကိုပန်း
ကန်တစ်ချပ်နှင့်ထည့်ထားပြီး ၊ တစ်ယောက်တည်း အားရပါးရစားနေသည်ကိုမြင်ရသဖြင့် အံ့သြ
သွားကာ ၊ “ သူငယ်ချင်း အာဝါးသီးအစိမ်းတွေက မင်းစားတာလား ” သူငယ်ချင်းကခေါင်းညိတ်
ဖြေရင်းရေတစ်ခွက်သောက်ကာ “ ဟုတ်တယ်လေ ဘာဖြစ်လို့ လဲ ” “ ဟ အဲသလောက်မစားရဘူး
လေတော်ကြာမင်းအသည်းတွေ ဒုက္ခရောက်ကုန်မယ် တအားပူတယ်ကွ ” ဟုစိုးရိမ်တကြီးပြောမိ
သည်။သူငယ်ချင်းကတော့အပြုံးမပျက် “ ငါကစားနေကျဖြစ်နေပြီ အဲဒါမပါရင်စားလို့ မရဘူးကွ”
စိတ်ထဲထိတ်ခနဲ့ ဖြစ်သွားသည်။ဒါဆို သူငယ်ချင်း လျှာတွေထုံနေတာပဲဖြစ်မည်။စကားပြောရင်း
အာဝါးသီးကိုက်လိုက်တာများ သခွါးသီးကိုက်စားသလားထင်ရသည်။သူငယ်ချင်းကထမင်းစားပြီး
ထမင်းဝိုင်းသိမ်းကာထလာတော့ သူငယ်ချင်းကို သွားတိုက်သန့်ရှင်းရေးလုပ်ခိုင်းလိုက်သည်။
Showing posts with label အစားလွန်၍ရောဂါဖြစ်သောသတင်းများ. Show all posts
Showing posts with label အစားလွန်၍ရောဂါဖြစ်သောသတင်းများ. Show all posts
Sunday, May 19, 2013
Subscribe to:
Comments (Atom)


Time in Pathein