Sunday, May 19, 2013

တောင်သာခြောက်လုံးကောက်ဆေးပညာ ရေးသားသူ လူငယ်သမားတော် (ပုသိမ်)

အခန်း(၁)

တောင်သာခြောက်လုံးကောက်ဆေးပညာသည်..
မြန်မာ့သမားတော် တောင်သာဆရာမှုန့် တည်ထွင်ခဲ့သောဆေးပညာဖြစ်သည်။
တောင်သာခြောက်လုံးကောက်ဆေးပညာအား ကျွန်ုပ်သည် အဘဆရာကြီး တောင်သာအဘဦးအေးချမ်း
ထံမှလက်ဆင့်ကမ်း သင်ယူခဲ့ရပေသည်။ထို့ သို့ တောင်သာခြောက်လုံးကောက်ဆေးပညာကိုသင်ယူရာ
တွင်အဘသင်ကြားပေးခဲ့သော သင်္ခန်းစာများအတိုင်း ကျွန်ုပ်သည် နောက်လူများသိနိုင်ရန် နည်းနာယူနိုင်
ရန်ဆက်လက်ဖေါ်ပြပေးမည်ဖြစ်ပါသည်။ ကျွန်ုပ်အမည်အား လူငယ်သမားတော် ဟုသာမှတ်သားထားနိုင်

ပါသည်။ ကျွန်ုပ်သည် တိုင်းရင်းဆေးပညာကိုငယ်စဉ်ကတည်းက စိတ်ဝင်တစားဝါသနာပါလာခဲ့သည်မှာ
ထူးခြားမူတစ်ခုဖြစ်နေသည်။ထို့ ကြောင့် ရွာဦးကျောင်းဆရာတော်ထံတွင်ငယ်စဉ်ကတည်းက ဆေးပညာ
များကိုသင်ကြားခဲ့သော်လည်း ကျယ်ကျယ်ပြန့် ပြန့် သိနားလည်မူအားနည်းကာအသက်အရွယ်ကြီး
ရင့်လာသောအခါ အဘဆရာ ဦးအေးချမ်းနှင့်တွေ့ ရှိပြီး၊တောင်သာခြောက်လုံးကောက်ကိုအခြေခံကာ တိုင်းရင်းဆေးပညာများကိုဆက်လက်လေ့လာဆည်းပူးခွင့်ရရှိခဲ့ပေသည်။
...........................................

0 မှတ်ချက်:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks