Showing posts with label သွေးလွန်တုတ်ကွေးရောဂါအကြောင်း. Show all posts
Showing posts with label သွေးလွန်တုတ်ကွေးရောဂါအကြောင်း. Show all posts

Wednesday, June 5, 2013

သွေးလွန်တုတ်ကွေးရောဂါအကြောင်း...


သွေးလွန်တုတ်ကွေးရောဂါ @Dengue Hemorrhagic Fever
Wednesday, June 05, 2013
( မိုးရာသီစတင် ၀င်ရောက်လာသည်နှင့်အမျှ ကလေးငယ်များတွင် သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားမှု များပြားလာပါသည်။ ထို့ကြောင့် သွေးလွန် တုပ်ကွေးနှင့် ပတ်သတ်သော အချက်များအား တင်ပြပေးချင်းဖြစ်ပါသည်။ )
Myanmar Online News Admin Group


သွေးလွန်တုတ်ကွေးရောဂါ ဆိုတာဘာလဲ။


သွေးလွန်တုတ်ကွေးရောဂါ ဆိုသည်မှာ ကလေးများတွင် အဖြစ်များသော ခြင်မှတဆင့် ကူးစက်တတ်သည့် ရောဂါတစ်မျိုး ဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲတိုင်းပြည်များတွင် ကလေးများ၏အသက်ကိုအဓိက ဒုက္ခပေးနေသော ရောဂါ တစ်မျိုးလည်း ဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးတိုင်းပြည်များတွင်မူ ခြင်မရှိသောကြောင့် မတွေ့ရတော့ပါ။


သွေးလွန်တုတ်ကွေးရောဂါဟာ ဘာ့ကြောင့် ဖြစ်ရတာလဲ။


သွေးလွန်တုတ်ကွေး virus ကြောင့်ဖြစ်ပါသည်။ ယင်း virus သည် ခြင်၏သွေးမှတဆင့်လူ၏ သွေးထဲသို့ကူးစက်ခြင်းဖြစ်ပါသည်။ သွေးလွန်တုတ်ကွေး virus အမျိုးအစား လေး မျိုးရှိပါသည်။


ဘယ်လိုနည်းတွေနဲ့ ကူးစက်တတ်ပါသလဲ။


သွေးလွန်တုတ်ကွေး ရောဂါပိုးကို သယ်ဆောင်ထားသော ခြင်ကိုက်သောကြောင့် ဖြစ်ပါသည်။ Aedes ခြင် အမျိုးအစားဖြစ်ပါသည်။ နေ့ဘက်တွင်ကိုက်တတ်ပြီး နေအိမ်ရှိ အလင်းရောင်ကွယ်သော နေရာများတွင် ပုန်းခိုနေတတ်ပါသည်။


ရောဂါဖြစ်လာရင် ဘာလက္ခဏာတွေ ပြတတ်ပါသလဲ။


သွေးလွန်တုတ်ကွေး ရောဂါတွင် အဆင့် လေးဆင့်ရှိပါသည်။


အဆင့်တစ်သည် သာမန် တုတ်ကွေးမိသကဲ့သို့သာ ဖျားပြီး နေပြန်ကောင်းသွားတတ်သည်။လက်မောင်းတွင် သွေးပေါင်ချိန်တိုင်းသော ကိရိယာဖြင့် ငါးမိနစ်ခန့် ခပ်တင်းတင်း စည်းထားပါက အနီအစက်အပျောက်များ ပေါ်လာသည်ကိုတွေ့ရတတ်ပါသည်။ ၎င်းကို Hess test ဟုခေါ်ပါသည်။


အဆင့်နှစ်တွင် အဖျားပိုကြီးလာသည့်အပြင် coffee ရောင်များ အန်ခြင်း၊ သွားဖုန်း သွေးယိုခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ ၀မ်းမည်းမည်းများသွားခြင်း များဖြစ်တတ်ပါသည်။


အဆင့်သုံးတွင် အထက်ပါ လက္ခဏာများအပြင် ကလေးအရမ်းမှိန်းလာခြင်း၊ သတိလစ်သွားခြင်း၊ ခြေဖျားလက်ဖျားများ အေးစက်လာခြင်း များဖြစ်တတ်ပါသည်။ ၎င်း လက္ခဏာများသည် ကလေးတွင် shock (သွေးလန့်ခြင်း) ရတော့မည့် လက္ခဏာများဖြစ်ပါသည်။


အဆင့်လေးတွင် သွေးပေါင်ချိန်နှင့်သွေးခုန်နှုန်း တိုင်းလို့မရတော့ဘဲ သွေးလန့်ခြင်းအဆင့်သို့ ရောင်သွားတတ်ပါသည်။


အဆင့်လေးဆင့်ရှိသော်လည်း ကလေးတိုင်းတွင် အဆင့်တစ်မှ လေးအထိဖြစ်မည်ဟု မဆိုလိုပါ။ အချို့ကလေးများတွင် အဆင့်တစ်သာဖြစ်၍ အချို့ ကလေးများတွင် အသက်သေဆုံးသည်အထိ ဖြစ်တတ်ပါသည်။ အဆင့်တစ်ရောဂါရှိသောကလေးသည် ရုတ်တရက် အဆင့်သုံး/လေးသို့ ခုန်သွားတတ်ပါသည်။ ထို့ကြောင့် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပါက မပေါ့ဆသင့်ဘဲကလေးငယ်ကို သေသေချာချာ ပြုစုစောင့်ကြည့်ရမည်ဖြစ် ပါသည်။

သွေးလွန်တုတ်ကွေးရောဂါတွင် ကြောက်စရာအကောင်းဆုံးမှာ shock ပင် ဖြစ်ပါသည်။
ကလေးသည် ၅ ရက်မှ ၇ ရက် အထိ ဖျားတတ်ပြီး တုတ်ကွေး၏လက္ခဏာများကို ပြသပါလိမ့်မည်။ shock ရပါက ၃ ရက် မှ ၅ ရက် အတွင်းရတတ်ပြီး မိဘများက ကလေးကိုယ်ပူကျသွားသောကြောင့
ပေါ့ဆ သွားတတ်ရာ အန္တရာယ်များလှပါသည်။ ကလေးမှာ အမှန်စင်စစ် ကိုယ်ပူကျသွားခြင်းမဟုတ်ဘဲ shock ရသွားခြင်းဖြစ်သောကြောင့် ထိုရက်များတွင် ကလေးကို အထူးဂရုစိုက်ရမည် ဖြစ်ပါသည်။ ကလေးကို စောင့်မကြည့်တတ်ပါက ဆေးရုံသို့သာခေါ်ဆောင်သွားစေလိုပါသည်။


ဘယ်လိုလက္ခဏာတွေပြရင် ကလေးကို ဆေးရုံတင်သင့်ပါသလဲ။


ကလေးကိုယ် အရမ်းပူခြင်း – ကိုယ်ပူရှိန်ကြောင့် ကလေးတက်သွား တတ်ပါသည်။
ကလေး အရမ်းမှိန်းခြင်း – shock ရချင်သောလက္ခဏာဖြစ်ပါသည်။
ကလေးက ကော်ဖီရောင်များအန်ခြင်း၊ ၀မ်းမည်းမည်းများသွားခြင်း
ဖျားပြီး သွားဖုန်းသွေးယြိုခင်းနှာခေါင်းသွေးလျှံခြင်း


ဘယ်အချက်တွေကို ရှောင်ကြဉ်သင့်ပါသလဲ။

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks