Thursday, June 6, 2013

အရေးပေါ်ကြို့ (ခေါ်)ဂျို့ ထိုးခဲ့သော်.....

အရေးကြီးကိစ္စများဆောင်ရွက်ရန်ရှိသည်အချိန်များတွင်၎င်း၊ အစည်းအဝေးတက်ရောက်ရသောအချိန်များ
တွင်၎င်း၊စိတ်လှုပ်ရှားမူများကြောင့်၎င်း၊ သို့ မဟုတ် အစာအိမ်အပူလောင်မူများကြောင့်၎င်း တအစ်အစ်နှင့်
ကြို့ (ခေါ်)သောဂျို့ ထိုးတတ်ပေသည်။ထိုအခါများတွင် ဘာမှစိတ်ညစ်စရာမလိုပဲ လွယ်လွယ်ကူကူပျောက်
ကင်းမည့်နည်းလမ်းလေးတစ်ခုကို ဆေးနည်းလေးတစ်ခုကိုတင်ပြလိုက်ပါသည်။ထိုနည်းလေးမှာ ကော်ဖီမှုန့် 
တစ်ခါဖျော်စာ ယူပါ ပြီးရင်သကြားချိုချိုထည့်ပြီးရေနွေးပူပူနွေးနွေးနှင့်လေးဖျော်သောက်လိုက်ပါ ၊

နှစ်မီးနစ်အတွင်းကြို့ (ခေါ်)ဂျို့ ထိုးခြင်းလုံးဝရပ်သွားပါလိမ့်မည်။တကယ်ကောင်းသောဆေးနည်းဖြစ်ပါသည်။
အပူလောင်နေသော အစာအိမ်ကြောင့် ကြို့ ထိုးခြင်းကို ရေဓါတ်အပြည့်ပါသော ကော်ဖီကိုချိုချိုဖျော်
သောက်လိုက်သဖြင့် အစာအိမ်အေးသွားကာ ကြို့ ထိုးခြင်းလဲပျောက်သွားခြင်းဖြစ်ပါသည်။
ခင်မင်လေးစားစွာဖြင့်.....
                                                              မောင်နေထွန်းလှိုင်(ပုသိမ်)
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks