Sunday, May 19, 2013

အစားလွန်၍ရောဂါဖြစ်သောသတင်းများ...

နေ့ လေးတစ်နေ့ ၌ သူငယ်ချင်းမင်းဦးအိမ်သို့ မရောက်တာကြာ၍ အလည်အပတ်သွားမိသည်။
သူငယ်ချင်းအိမ်ကိုရောက်တော့ သူငယ်ချင်းထမင်းစားနေသည်နှင့် ကြုံနေသဖြင့် ခဏထိုင်စောင့်
နေလိုက်သည်။ သူငယ်ချင်းကတော့အတင်းခေါ်ပြီးထမင်းကျွေးသည်။စားခဲ့ပြီးပြီဟုငြင်းကာထမင်း
ဝိုင်းကိုအမှတ်တမဲ့လှမ်းကြည့်လိုက်တော့ ဟင်းအမယ်များထဲမှ အာဝါးသီး(ငရုပ်သီး) များကိုပန်း
ကန်တစ်ချပ်နှင့်ထည့်ထားပြီး ၊ တစ်ယောက်တည်း အားရပါးရစားနေသည်ကိုမြင်ရသဖြင့် အံ့သြ
သွားကာ ၊  “ သူငယ်ချင်း အာဝါးသီးအစိမ်းတွေက မင်းစားတာလား ” သူငယ်ချင်းကခေါင်းညိတ်
ဖြေရင်းရေတစ်ခွက်သောက်ကာ “ ဟုတ်တယ်လေ ဘာဖြစ်လို့ လဲ ” “ ဟ အဲသလောက်မစားရဘူး
လေတော်ကြာမင်းအသည်းတွေ ဒုက္ခရောက်ကုန်မယ် တအားပူတယ်ကွ ” ဟုစိုးရိမ်တကြီးပြောမိ
သည်။သူငယ်ချင်းကတော့အပြုံးမပျက် “ ငါကစားနေကျဖြစ်နေပြီ အဲဒါမပါရင်စားလို့ မရဘူးကွ”
စိတ်ထဲထိတ်ခနဲ့ ဖြစ်သွားသည်။ဒါဆို သူငယ်ချင်း လျှာတွေထုံနေတာပဲဖြစ်မည်။စကားပြောရင်း
အာဝါးသီးကိုက်လိုက်တာများ သခွါးသီးကိုက်စားသလားထင်ရသည်။သူငယ်ချင်းကထမင်းစားပြီး
ထမင်းဝိုင်းသိမ်းကာထလာတော့ သူငယ်ချင်းကို သွားတိုက်သန့်ရှင်းရေးလုပ်ခိုင်းလိုက်သည်။

“ဘာဖြစ်လို့ လဲဆိုတော့ ”  “ မင်းလျှာကိုတစ်ချက်ကြည့်ချင်လို့ ” ဟုပြောလိုက်သည်။ သူငယ်ချင်း
တွေဆိုတော့ မင်းတို့ ဆေးဆရာတွေကလဲ လူတွေ့ ရင်လူနာထင်နေလားမသိပါဘူးကွာဆိုပြီးပွစိ
ပွစိနှင့်အိမ်ပေါ်ကဆင်းသွားလေသည်။သူငယ်ချင်းပါးစပ်ကိုသန့် ရှင်းရေးလုပ်ပြီးသောအခါအလင်း
ရောင်ဘက်တွင်လျှာကိုထုတ်၍ကြည့်လိုက်သောအခါ လျှာ၌အရသာခံသောအဖုလေးများပျောက်
နေပြီး ၊လျှာအောက်ပြင်တွင် အ၀ါရိပ်များသန်းနေသည်။ မိမိ၏လေ့လာထားသောအတွေ့ အကြုံရ
ဆိုလျင် သူငယ်ချင်းသည် မကြာခင်အသဲရောင်တော့မည်ဖြစ်သည်။ ထို့ ကြောင့်သူငယ်ချင်းကိုအ
စပ်မစားရန်၊ အသည်းရောင်ခြင်းမဖြစ်ရန် အချဉ်စားပေးဘို့ မှာပြီး စကားအနည်းငယ်ပြောကာ
အိမ်သို့ ပြန်လာခဲ့သည်။ ဆေးခန်းကတစ်ဘက်နှင့်အလုပ်မအားသောအခါ သူငယ်ချင်းဆီကို
နောက်တစ်ကြိမ်သွားဘို့ မေ့နေသည်။ သည်ကြားထဲ ဆရာလှမ်းခေါ်၍ ရန်ကုန်ကိုသွားရတော့လဲ
အချိန်အလွန်ကြာသွားသည်။ရန်ကုန်မှာရှိနေစဉ် သူငယ်ချင်းတစ်ဦးမှဖုန်းဆက်လာသည်။ “မင်း
ဘယ်ရောက်နေလဲ ” ဆိုတော့ ရန်ကုန်မှာလို့ ပြောလိုက်စဉ် “ ဒါဆိုမြန်မြန်ပြန်ခဲ့ကွာ မင်းဦးကို
ဆေးရုံတင်ထားရတယ် ” “ ဟေ ”  “ ဘာရောဂါလဲ ” ဟုမေးလိုက်စဉ် သိပြီးသားဖြစ်သော
အသည်းရောင်သောရောဂါပင်ဖြစ်သည်။ပုသိမ်ပြန်ရောက်တော့ ချက်ချင်းဆေးရုံသွားလူနာသ
တင်းမေးမိသည်။ သူငယ်ချင်းမင်းဦး တစ်ယောက် ဆနွင်းလိမ်းထားသလို အသည်းရောင်ခြင်း
ကြောင့် ၀ါထိန်နေလေသည်။သူငယ်ချင်းအား အားပေးစကားပြောပြီးအိမ်ကိုပြန်ခဲ့ပေမယ့်၊အာ
ဝါးသီးအစားလွန်၍ အသည်းရောင်ခြင်းကိုကြိုတင်သိပါရဲ့ နှင့်ဘာဖြစ်လို့ များ ဆက်စားခဲ့ပါသလဲ
ဆိုတာ စဉ်းစားမရဖြစ်မိပါတော့သည်။
လူငယ်သမားတော် (ပုသိမ်)
 

0 မှတ်ချက်:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks