Friday, May 17, 2013

သခွါးသီးနှင့်သကြား ဆီးအတွက်ဆေးဘက်ဝင်လေသလား


 

နေ့ လေးတစ်နေ့ သ၌ လို့ ပဲ ပြောရတော့မယ်ထင်ပါတယ် ၊ သူငယ်ချင်းတွေစုပြီး ပုသိမ်သားပုသိမ်သူ

များအကြိုက် အာပူလျှာပူလုပ်စားကြတယ် ၊ သူငယ်ချင်းတွေက အချက်ကောင်းသလားမမေးနဲ့ အာပူ

လျှာပူကို တရှုးရှုး တရှဲရှဲ နဲ့ ဝိုင်းသောက်လိုက်တာ အားရပါးရပေါ့ ၊ ပြီးတော့ပျော်ရွှင်စွာနဲ့ လူစုခွဲကာ

ကိုယ့်အိမ်ကိုယ်ပြန်ကြတယ် ၊ နေပူကျဲကျဲမှာ ဆိုင်ကယ်ကိုယ်စီစီးလို့ ပေါ့၊ ထွက်လိုက်တဲ့ချွေးဆိုတာလဲ

ပြောမနေနဲ့ သုတ်လို့ ကိုမနိုင်ချင်ဘူး၊ နေ့ လည်နေ့ ခင်း ပြန်လာတာဆိုတော့ အာပူလျှာပူသောက်လာ

တာဆိုတော့ ရင်ကပူချင်ချင်ဖြစ်လာတယ်၊အိမ်ရောက်တော့ သောက်ရေတစ်ခွက်ခပ်သောက်ပြီး အား

ကစားဂျာနယ်စွဲပြီး ခြံထဲက မကျီးပင်အရိပ်မှာ စာထိုင်ဖတ်နေလိုက်တယ် ၊ အချိန်ဘယ်လောက်ကြာ

သွားလဲမသိ ၊ ဆီးသွားချင်သလို ဖြစ်လို့  အိမ်နောက်သွား ရေအိမ်ဝင် ဆီးလဲသွားရော ဆီးတွေကပူပြီး

အရောင်က၀ါထိန်နေကာ လူလဲ ဆီးအိမ်ဆီးစပ်အောင့်တက်သွားလေသည်။ဆီးပူဆီးအောင့်ဖြစ်တယ်

ဆိုတာ ဒါမျိုးနေမှာ စိတ်ထဲကတွေးမိသည်။ ဆီးကလဲ သွားတာနည်းနည်းလေးဆိုတော့ စိတ်ထဲဆီး

ကျန်သလိုဖြစ်လာသဖြင့် လူငယ်သမားတော် ဆီးကိုဖုန်းလှမ်းဆက်မေးလိုက်လေသည်။ဆရာရေ 

ကျွန်တော်တော့ ဆီးပူဆီးအောင့်ဖြစ်နေတယ် ၊ အခြေနေတော်တော်ဆိုးတယ် ၊ အာပူလျှာပူသောက်

မိတယ်လဲပြောရော ကိုနေကြီး သခွါးသီးရှာ ၊သကြားနဲ့ တို့ စား ရေချက်ချင်းမသောက်နဲ့ ခဏနေမှရေ

ကိုသောက်လို့ လှမ်းညွှန်ကြားချက်ပေးလေသည်။ကျွန်တော်လဲ ဆရာညွှန်ကြားချက်အတိုင်း သခွါးသီး

ရှာ သကြားနဲ့ တို့ စားလိုက်တော့ ရင်ထဲနည်းနည်းအေးသွားသည် ခဏနေတော့ ရေတ၀သောက်ချ

လိုက်သည်။သခွါးသီးစားပြီး ရေသောက်ပြီးလေးဆယ့်ငါးမီးနစ်လောက်ကြာတော့ဆီးတစ်ခါသွားချင်တာနဲ့ 

မရဲတရဲ ရေအိမ်ထဲဝင် ဆီးသွားလိုက်တော့ ၀ါဖျော့ဖျော့ဆီးအရောင်နဲ့ ဆီးနွေးနွေးလေးပဲသွားတော့

တယ် ၊ ဟူးတော်ပါသေးရဲ့ လို့ စိတ်ထဲတွေးပြီး၊ နောက်ထပ်သခွါးသီးကိုသကြားနဲ့ စားနိုင်သလောက်စား

လိုက်တော့ နောက်တစ်နာရီအတွင် ဆီးအေးပြီးဆီးလဲဖြူသွားလေသည်။ အော်ဆေးနည်းသိတော့လဲ

လွယ်လွယ်လေးပါလားလို့ စိတ်ထဲတွေးရင်း မိတ်ဆွေသူငယ်ချင်းများကိုမျှဝေချင်တာနဲ့ သည်ဆောင်း

ပါးလေးကိုရေးလိုက်တာပါ ။

အားလုံးကိုလေးစားခင်မင်စွာဖြင့်.....                          
                                                                             မောင်နေထွန်းလှိုင်(ပုသိမ်)











1 မှတ်ချက်:

  1. သခွါးသီးကို သကြားနဲ့ တို့ စားတာပါ ချိုချိုလေးစားလိုက်တာပါ

    ReplyDelete

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks