Friday, May 31, 2013

အသံဝင်ရောဂါဖြစ်ခဲ့သော်....

အသံဝင်တယ်ဆိုတာ အသံကိုထွက်စေသော ကလပ်စီးများပိတ်ဆို့ ခြင်းဖြစ်ပါတယ်၊ အသံဝင်တဲ့သူဟာ 
ကိုယ်တွင်းမှာအဖန်ဓါတ်များများပါတဲ့ပစ္စည်းတွေစားသုံးတာများရင်ဖြစ်တတ်သလို ၊ အပူထဲကလာပြီးရုတ်
တရက်မိုးမိတာမျိုး ၊ ခေါင်းလျှော်ရေးချိုးလိုက်တာမျိုးဖြစ်လျင်လဲ အသံဝင်တတ်ပါတယ်၊အဖန်ဓါတ်များတဲ့
ပစ္စည်းဆိုတာ ဥပမာ လက်ဖက်ကဲ့သို့ သောအစားအစာများဖြစ်ပါတယ်၊ အဖုအကြိတ်မရှိပဲအခြားအပူ
ကြောင့်အသံဝင်ခဲ့ရင်  ကိုယ်တိုင်ကုသခဲ့သောအကောင်းဆုံးဆေးနည်းကိုဖေါ်ပြပါ့မယ်။


ထိုဆေးနည်းကတော့အခြားမဟုတ်ပါဘူး၊ မီးဖိုချောင်မှာအလွယ်တကူရတဲ့  မန်ကျည်းမှဲ့ နှင့်ဆားရယ်၊

Thursday, May 23, 2013

တမာရွက်၏ ဆေးဖက်ဝင် အာနိသင်


တမာရွက်၏ ဆေးဖက်ဝင် အာနိသင်

တမာရွက် မှာ ဆေးဖက် ဝင် အာနိသင် တွေရှိ တယ်ဆိုတာ လူအ များစုက သတိပြု မိကြ ပါတယ်။ တမာရွက်တင်မက တမာခေါက်တွေ ကို အိန္ဒိယမှာ အလွန်ထင်ရှားတဲ့ ဆေးဖက်ဝင်ပစ္စည်းအဖြစ် အသုံးပြု ခဲ့ပါတယ်။ အခုအခါ တစ်ကမ္ဘာ လုံးမှာပါ တမာပင်ရဲ့  ဆေးဖက်ဝင် အစွမ်းတွေကို သိနားလည်ပြီး အသုံးပြုနေကြပြီဖြစ်ပါတယ်။ ဒါပေ မဲ့ တမာရွက်ကို များများစားရင် အကြောတက်တယ်လို့ ရှေးလူကြီးတွေက ဆိုကြ တာကြောင့် အသင့်အတင့်သာ စားပေးသင့်ပါတယ်။

(၁) ပိုးသတ်အာနိသင်ရှိပါတယ်

တမာရွက်မှာ ဘက်တီးရီးယား၊ ကပ် ပါးကောင်၊ ဖန်းဂပ်စ်မှို၊ ပရိုတိုဇွနဲ့ ဗိုင်း ရပ်စ်တွေကို ဆန့်ကျင်နိုင်တဲ့ ပိုးသတ်အာ နိသင်တွေ ရှိပါတယ်။ ဒါကြောင့် အနာ ပေါက်နေချိန်မှာ တမာရွက်ကို ပြုတ်ပြီး တို့စားတာ၊ တမာရွက်ကို ကျိုပြီး ရလာ တဲ့ ရေနဲ့ အနာကို ဖန်ရည်ဆေးတာတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။

ဆီးအောင့်ရောဂါနှင့်တိုတိုထွာထွာဆေးနည်းတိုများ.....



ဆီးအောင့်ရောဂါ အတွက်......

ယောကျာင်္းဆီး ၊ မိန်းမ မီး " ဆိုသောစကားရှိပါသည်။ ယောကျာင်္းသားများ အဖို့ ဆီးရောဂါဟာ အလွန်ပဲ ကြောက်စရာကောင်းပါတယ်။ ဆီးရောဂါအောင့်ရောဂါ သက်သာပျောက်ကင်း စေသောဆေးနည်းမှာ.............. ကြံရည်ကိုတစ်ဖန်ခွက် မှာ အပြည့်ထည့်ပါ။ ပြီလျှင် ဇာတိပ္ဖိုလ်သီးကို (၅)ပုံ (၁)ပုံ သွေး၍ ထည့်မွှေပြီး သောက်လိုက်ပါ။ဆီးအောင့်ရောဂါ
သက်သာပျောက်ကင်းသွားပါလိမ့်မည်။

ချောင်းဆိုး (တီဘီ)ရောဂါ..............

ချောင်းဆိုးလို စိတ်မညစ်နဲ့တော့
ဆေးနည်း....
တောလေးညှင်းဟု ခေါ်သော အပင်ကို အမြစ်မှနုတ်၍ လက်တွင်းတစ်ဆုပ်ကို
ပြုတ် သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါ။ ရိုးရိုးချောင်းဆိုးလျင် တစ်ရက် ၊ နှစ်ရက်
သောက်ရု့မျှနှင့် သက်သာပျောက်ကင်း ပါသည်။
တီဘီရောဂါသည်များအဖို့ စွဲသောက်လျှင် သက်သာ ပျောက်ကင်းပါလိမ့်မည်။

အသည်းရောဂါအတွက် ဆေး သိရှိစေရန် ထပ်မံတင်ပေးပါသည်

သခွတ်ပြုတ်ဆေးရည် ..

အသည်းရောဂါခံစားနေရသော လူသားများ အတွက် ကျန်းမာလာဘ်တစ်ပါး ဝမ်းမြောက်စေသည့် သခွတ်ပြုတ်ဆေးရည် ..…( အသည်းရောဂါအတွက်
ဆေး သိရှိစေရန် ထပ်မံတင်ပေးပါသည် )
Tuesday, April 2, 2013

ဘီပိုး စီပိုး အသည်းသမားများ သခွတ်ကိုသောက် ရောဂါပျောက်၏….( အသည်းရောဂါဖြစ်နေသော မိသားစုဝင်များအား စိတ်ချမ်းသာမှု့  ဖြစ်စေပြီး လူ့ သက်တမ်းအပြည့်နေနိုင်သောကြောင့် Mg Mandalay မှ လေးနက်စွာ မျှဝေပါသည် ။ )

အခုဖော်ပြသော သခွတ်အစွမ်းကြောင့် စီပိုး အသည်းသမားသည် ပိုးကောင်ရေ သိန်းချီရာမှ ဆယ်ဂဏန်းမျှသာကျန်ရှီတော့ပြီး ရောဂါမှာ

Tuesday, May 21, 2013

သက်ရင်းကြီးအမြစ် ဆေးအသုံး (သက်ရင်းကြီးမြစ်နှင့် အဆီချရအောင်)



အသက်ကြီးလာလျှင် ယောက်ျား မိန်းမ ဝဖြိုးလာပြီး ဗိုက်ကြီးပူလာခြင်းမှာ သဘာဝဟု ဆိုနိုင်ပါသည်။ အဆီများ၍ ပူလာသောဗိုက်ကို သက်ရင်းကြီးမြစ်နှင့် စမ်းသပ်လိုက်ပါ။
သက်ရင်းကြီးမြစ်ကို လေးလက်မ ငါးလက်မခန့်ဖြတ်၍ ရေစင်စင်ဆေးပါ။ ဘက်တီးရီးယား ပိုးများ သေစေရန်နှင့် မှိုများ မကျရောက်စေရန် အမြစ်များကို ထမင်းပေါင်းအိုးထဲထည့်ပြီး ပေါင်းပါ။ သုံးနာရီပေါင်းပြီးမှ ခြောက်သွေ့စေရန် နေလှန်းပါ။
ဆေးသွေးကျောက်ပျဉ်ပေါ်မှာ သွေးပြီး သောက်ပါ။ ၁၀-ရက်လောက် သောက်ပြီးနောက် ပူနေသောဗိုက်ကြီး တနေ့တခြား ပိန်သွားပါလိမ့်မည်။ အဆီရှိသောနေရာ ပိန်သွားခြင်း ဖြစ်ပါသည်။ လူပိန်သွားခြင်း မဟုတ်ပါ။

ဆေးသောက်နည်း---
နေ့စဉ် နံနက်စောစော (၆)နာရီမှာဖြစ်စေ၊ (၇)နာရီမှာဖြစ်စေ နံနက်စာ (Break Fast) မစားမီ ဆေးကိုသွေးပြီး သောက်ပါ။ တစ်ကြိမ်ပဲ သောက်ပါ။ (Zebra) စတီးဇွန်းဖြင့် ဆေးရည်ကို ဆားအနည်းငယ် ထည့်သောက်ပါ။ ဝမ်းလွယ်ပါက လျှော့သောက်ပြီး ဝမ်းချုပ်တတ်ပါက နည်းနည်း ပိုသောက်ပါ။ (Zebra) စတီးဇွန်းသည် စံချိန်တစ်ခု ယူထားခြင်း ဖြစ်ပါသည်။

လေမဖြတ်အောင် ကြိုတင်ဆောင်

 
 စာရေးသူသည် အသက် ၄၈-နှစ်ရှိပြီဖြစ်သလို အသက်အရွယ်နှင့်အတူ လေဖြတ်ရောဂါသည်များစွာကို တွေ့ကြုံခဲ့ရသည့်အလျောက် မကြာသေးမီ (၂)လကျော် (၃)လနီးပါးခန့်က စာရေးသူ၏ အမဝမ်းကွဲတစ်ယောက် လေဖြတ်ရောဂါ ရခဲ့သဖြင့် ၄င်းရောဂါနဲ့ ပတ်သက်သည့် ဆေးပညာရှင်များ၊ အကြောအနှိပ် ပညာရှင် အမျိုးမျိုးနှင့် ကုသခဲ့ရာ ယခုဆိုလျှင် တောင်ဝှေးလွှတ် လမ်းလျောက်နိုင်ခဲ့ပါသည်။

အရက်နဲ့တွဲဖက် မစားသင့်တဲ့စားစရာများ

Photo: အရက်နဲ့တွဲဖက် မစားသင့်တဲ့စားစရာများ

မုန်လာဥနီ

မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်
ပစ္စည်းတွေ ထွက်တတ်တယ်။

ပဲတီစိမ်းအဖတ်

ပဲတီစိမ်း အဖတ် ချက်လုပ်တဲ့အခါ ကျောက်ချဉ် အသင့်အတင့်ထည့်ရပါတယ်။
ဒါကြောင့်ပဲတီစိမ်းအဖတ်နဲ့ အရက်ကို တွဲစားမိရင်၊ အရက်ပြန်က သွေးထဲမှာ နေတဲ့အချိန် ကြာရှည်လာစေ
ပြီး အရက်ပိုမူးစေတယ်လို့ ဆိုတယ်။

ဝက်အူချောင်း

ဝတ်အူချောင်းထဲမှာ nitrosoamines ဓါတ်ပါလို့ အရက်နဲ့ တွဲပြီး စားသောက်ရင် အသည်းကို ထိခိုက်နိုင်
တဲ့အပြင် အစာအိမ်နဲ့အူကင်ဆာတွေကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

 အသားကင်

အသားကင်တဲ့အခါ benzpyrene လို့ခေါ်တဲ့ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတစ်မျိုး ပေါ်ထွက်
တတ်တယ်။ အရက်ထဲမှာ အရက်ပြန်ဟာ အစာအိမ်နဲ့ အူရဲ့ သွေးကြောတွေ ကျယ်လာစေပြီး ကင်ဆာ
ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတွေ သွေးကြောထဲကို အလွယ်တကူ ဝင်လာစေနိုင်ပါတယ်။


မုန်လာဥနီ

မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်
ပစ္စည်းတွေ ထွက်တတ်တယ်။

ပဲတီစိမ်းအဖတ်

ပဲတီစိမ်း အဖတ် ချက်လုပ်တဲ့အခါ ကျောက်ချဉ် အသင့်အတင့်ထည့်ရပါတယ်။
ဒါကြောင့်ပဲတီစိမ်းအဖတ်နဲ့ အရက်ကို တွဲစားမိရင်၊ အရက်ပြန်က သွေးထဲမှာ နေတဲ့အချိန် ကြာရှည်လာစေ
ပြီး အရက်ပိုမူးစေတယ်လို့ ဆိုတယ်။
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks