Thursday, June 27, 2013

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါ အမျိုးလေးဆယ်

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါ အမျိုးလေးဆယ်
Saturday, June 22, 2013

ပင်စိမ်းပင်သည် မြန်မာနိုင်ငံ နှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်း ဒေသတွင် ပိုမို၍ ပေါက်တတ်ကြသည်။

ပင်စိမ်းပင်သည် သဘာဝအလျောက် ပေါက်ရောက်သော အပင် ဖြစ်သည်။ စိုက်ပျိုး၍လည်း ရသည်။ မျိုးစေ့မှ တဆင့် အပင်စိုက်ရန် လွယ်ကူသော အပင် ဖြစ်သည်။ မြေသြဇာ အထူး မလိုအပ်လှပေ။ တနှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် အရွက်ကို ရယူနိုင်၏။ နောက်ကျလျှင် အလိုလို ကြွေကျသွားသဖြင့် ဂရုပြုဖို့ လိုအပ်လှပေသည်။ အရွက်နှင့် အစေ့ကို ဆေးအဖြစ် အများဆုံး အသုံးပြုကြသည်။

ပင်စိမ်းပင်သည် အပင်ငယ်မျိုး ဖြစ်ပြီး အမြင့်နှစ်ပေမှ သုံးပေခန့် အထိ ရှိ၏။ အရွက်မှာ သေးပြီး စိမ်းလျက် နူးညံ့၏။ ရွက်နားမှာ လွှသွားပုံရှိသည်။ အပွင့်ဖြူ ကလေးများ ပွင့်တတ်ကာ ရနံ့မှာ အလွန်မွှေးသဖြင့် အချို့သူများမှာ ယင်းချက်ရာတွင် အမွှေးနံ့ရစေရန် ဟင်းခတ်၍ အုပ်ကာ ချက်စားကြသည်။ အပွင့်များသည် အခိုင်လိုက်ပွင့်၍ ပွင်ချပ်များပေါ်တွင် အမွေးနုကလေးများ ရှိသည်။ တပေါင်း တန်ခူးလများ၌ ပွင့်တတ်ကြသည်။ အရသာမှာ ပူစပ်သော အရသာဖြစ်ကာ ပင်စိမ်းမျိုးအနေဖြင့် ပင်စိမ်းဖြူ၊ ဟင်းစားပင်စိမ်း၊ ပင်စိမ်းနက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီး၊ ဗလရှင်ကင်ဟူ၍ ပင်စိမ်း အမျိုးမျိုး ရှိကြသည်။

ဟင်းနုနွယ်ရွက်၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး


============================
ဟင်းနုနွယ်ရွက်ကို အလွယ်တကူ ဝယ်လို့ရသလို ဈေးလည်း သက်သာတာကြောင့် လူတိုင်းလိုလို စားနိုင် ကြပါတယ်။
လူတွေ အများအားဖြင့် စားလေ့ရှိကြတဲ့ ဟင်းနုနွယ်ရွက်မှာ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပါဝင်တယ် ဆိုတာကို ရေးသား လိုက်ရပါတယ်။

(၁) အစာကြေစေခြင်း

ဟင်းနုနွယ်ရွက် တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ စားသုံးသင့်တဲ့ အမျှင်ဓာတ် ပမာဏ ၂၀ ရာခိုင်နှုန်း နီးပါး ပါဝင်ပါတယ်။ ဒါကြောင့် အစာကြေစေပြီး ဝမ်းချုပ်တာကို ကာကွယ် ပေးပါတယ်။ ဒါ့အပြင် သွေးတွင်း သကြားဓာတ်ကို လျော့ကျစေပြီး အစာကို အလွန်အကျွံ မစားမိ စေပါဘူး။

ဆေးဖက်ဝင် ခြံထွက် သခွားသီး


==================
မြန်မာ့ရိုးရာ ဟင်းလျာနှင့် ထမင်းဝိုင်းတွင် တို့စရာအဖြစ် သခွားသီးကို ကြိုက်နှစ်သက်စွာ စားသုံးကြသည်။
သခွားသီးက ကျန်းမာရေးအတွက် အထောက်အပံ့ ပြုနေသဖြင့် အိမ်ရှင်မ များ၏ လက်သုံးဖြစ်သည်။

နူးညံ့ကြွပ်ဆတ်ပြီး အရည်ရွှမ်းသော သခွားသီးတွင် ရေဓာတ် ၉၈ ရာခိုင်နှုန်း ပါဝင်သည်။ ဗီတာမင်စီ၊ ကယ်ရိုတင်း ကစီ၊ ထုံးဓာတ်၊ မီးစုန်းဓာတ်များ ပါဝင် ကြသည်။ အလှပြင်ရာဝယ် သခွားသီးဖြင့် အရေပြားကို ပွတ်ပေးပါက အရေပြား သန့်စင် နူးညံ့စေသည်။ အပေါ်ယံ အရေပြား တွန့်ကြောင်းကို တင်း၍ပြောင်ချော စေသည်။

ထမင်းမစားခင် ရှာလကာ ရည်ကို လက်ဖက် ရည်ဇွန်း တစ်ဇွန်း ပုံမှန် သောက်ပေးရင်


ထမင်းမစားခင် ရှာလကာ ရည်ကို လက်ဖက် ရည်ဇွန်း တစ်ဇွန်း ပုံမှန် သောက်ပေးရင် ကိုယ်အလေးချိန် လျော့ကျစေတယ်လို့ နာမည်ကျော် အနုပညာရှင် တချို့က ဆိုပါတယ်။ ရှာလကာရည်မှာ အဲဒီအကျိုးကျေးဇူး အပါအဝင် အောက်ပါ တခြားအာနိသင်တွေလည်း ရှိပါတယ်။
(၁) အဆိပ်အတောက်ကို ပြေလျော့စေပါတယ်
ရှာလကာရည်မှာ သဘာဝ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်ဇိုင်းအများအပြား ပါဝင်တာကြောင့် ကိုယ်တွင်း အဆိပ်အတောက်ကို ပြေလျော့စေပါတယ်။ ရှာလကာရည်ဟာ အဆိပ်တွေနဲ့ ပေါင်းစပ်နိုင်ပြီး ခန္ဓာကိုယ်ကနေ ထိထိရောက်ရောက် စွန့်ထုတ်နိုင်ဖို့ ကူညီပေးပါတယ်။ ရှာလကာရည်ဟာ သွေးလှည့်ပတ်မှုစနစ်ကို လှုံ့ဆော်ပေးပြီး အသည်းမှာ အဆိပ်ချေဖျက်တဲ့ စနစ်ကို အကူအညီပေးလို့ပါ။
ရှာလကာရည်ဟာ သွေးသန့်စင်စေတယ်လို့ ရှေးကတည်းက ယုံကြည်ထားကြပါတယ်။ ရှာလကာရည်ဟာ ကိုယ်တွင်း အချွဲမြှေးတွေကို ပြေလျော့စေတဲ့နည်းနဲ့ အဆိပ်တွေကို ချေဖျက်ပေးသလို သားနံရည်စနစ်မှာ သွေးလှည့်ပတ်မှု ကောင်းစေတဲ့နည်းနဲ့ သားနံရည်ကျိတ်တွေကို သန့်စင်ပေးပါတယ်။
သားနံရည်စနစ် ကျန်းမာနေရင် ကိုယ်တွင်းရှိ ဆဲလ်တွေထဲက အဆိပ်တွေကို ဖယ်ရှားပေးကာ ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေပါတယ်။
(၂) ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်
ရှာလကာရည်ဟာ သွေးတွင်း သကြားဓာတ်ကို အချိန်ကြာကြာ တည်ငြိမ်စေတာကြောင့် ကိုယ်အလေးချိန် လျော့ကျအောင် ကူညီပေးသလို အစာစားချင်စိတ်ကို ထိန်းချုပ်ပေးပါတယ်။ ကိုယ်အလေးချိန် ကျချင်ရင် ထမင်းမစားခင် ရေထဲမှာ ရှာလကာရည် လက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး သောက်ပေးသင့်ပါတယ်။ ဒါမှမဟုတ် အရွက်သုပ်တွေထဲကို ရှာလကာရည် ထည့်စားသင့်ပါတယ်။
(၃) အစာကြေညက်စေပါတယ်
ရှာလကာရည်ဟာ အစာကြေညက်လွယ်စေတဲ့ အစွမ်းရှိပါတယ်။ တချို့ အစားအသောက်တွေ စားပြီး အစာမကြေတာနဲ့ အစာခြေလမ်းကြောင်း ပြဿနာတွေကို သက်သာစေသလို အစာစားတိုင်း ရှာလကာရည် ထည့်စားပေးတာကြောင့် နာတာရှည်ရင်ပူတဲ့ ဝေဒနာကိုလည်း သက်သာစေပါတယ်။
(၄) အရေပြား ပြဿနာတွေကို သက်သာစေပါတယ်
ရှာလကာရည်ကို နေ့စဉ်သောက်တာကြောင့် အသားအရေကို ကြည်လင် ရှင်းသန့်စေတယ်လို့ တချို့မှတ်တမ်းတွေအရ သိရပါတယ်။ ဝက်ခြံပေါက်လွယ်တဲ့ အသားအရေအတွက် ရှာလကာရည်ကို သုံးနိုင်ပါတယ်။
ရှာလကာရည် တစ်ခွက်နဲ့ ဆားခါးတစ်ခွက်ကို ရောပြီး ကြက်သီးနွေးရေထဲ ထည့်ချိုးရင် အရေပြားရှိ အညစ်အကြေးတွေကို ကင်းစင်စေပါတယ်။ ဒါက နှင်းခူလို အရေပြားပြဿနာတွေကို သက်သာစေပါတယ်။
(၅) ကြွက်နို့ပျောက်စေပါတယ်
ရှာလကာရည်ကို ကြွက်နို့ကုသဖို့အတွက် အိမ်တွင်းကုထုံးအနေနဲ့ သုံးပါတယ်။ ရှာလကာရည်ကို ဝါဂွမ်းစကို နှစ်ပြီး ကြွက်နို့နေရာမှာ လိမ်းပြီး ပတ်တီးစည်းထားပါ။ တစ်ညလုံး ထားပါ။ ကြွက်နို့ပျောက်တဲ့အထိ ညတိုင်း ဆက်တိုက်လုပ်ဆောင်ပေးပါ။

ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး (၁၀) ချက်


ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး (၁၀) ချက်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စား တတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆို တတ်ကြပါတယ်။

သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့်စား ပေးမယ်
ဆိုရင် အောက်ပါ အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။

(1) အစာခြေ လမ်းကြောင်း စနစ်ကို ကျန်းမာစေပါတယ်

ကိုက်လန်မှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အဆီဓာတ်လည်း လုံးဝ မပါပါဘူး။ အမျှင်ဓာတ် များစွာ ပါဝင် ပါတယ်။ ကိုက်လန် တစ်ခွက်မှာ
၃၆ ကယ်လိုရီနဲ့ အမျှင်ဓာတ် ငါးဂရမ်တို့ ပါဝင်ပါတယ်။

ကင်ဆာရောဂါ ကာကွယ် နိုင်အောင် ဂေါ်ဖီထုပ် စားပါ




ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနဲ့ ဘရိုကိုလီ (အစိမ်းရောင် ပန်းဂေါ်ဖီ) လိုမျိုး Cruciferous အမျိုးအစားဝင် ဟင်းသီးဟင်းရွက် တွေကို
အနည်းဆုံး တစ်ပတ်တစ်ကြိမ် စားတာကြောင့် ကင်ဆာ ဖြစ်နိုင်ခြေကို ဖြတ်တောက် နိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။ ယခင် လေ့လာမှု အရလည်း ဘရိုကိုလီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီလုံး၊ ကန်စွန်းရွက်နဲ့ မုန်လာဥ လိုမျိုး Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်တွေ စားတာကြောင့်

အသည်းကို သန့်ရှင်းဖို့တွက် Detox Water


အသည်းကို သန့်ရှင်းဖို့တွက် Detox Water
Monday, June 24, 2013

ကျွန်မတို့ တွေဟာ တချိန်လုံး စားချင်တာတွေ စားကြ သောက်ချင်တာတွေ သောက်ကြနဲ့ ကိုယ်တွင်းမှာ ဘယ်လို အကျိုး သက်ရောက်မှုတွေ ဖြစ်နေမယ်ဆိုတာ သတိမထား မိကြပါဘူး။

စားသောက်သမျှ တွေဟာ အသည်းတို့ ကျောက်ကပ်တို့မှာ စစ်ထုတ်ရင်းနဲ့ သူတို့ဟာ အဆိပ်အတောက် တွေကို ခံစားရပါတယ်။

အဲ့ဒီတော့ မျက်နှာတို့ ခန္ဓာကိုယ်တို့ကို သန့်ရှင်းရုံတင် မကပဲ ကိုယ်တွင်းက ကလီဆာ တွေကိုပါ သန့်ရှင်း ပေးသင့် ပါတယ်။

လောလောဆယ်တော့ အသည်းကို သန့်ရှင်းနိုင်တဲ့ နည်းတွေကို ရေးပြပါမယ်။

ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်



ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း၊ငွေကြေးကုန်ကျမှု့ များပြားသော ရောဂါတစ်ခုဖြစ်ပါသည်။ သိန်းထောင်ချီ၍
ချမ်းသာသောသူပင် ဒေ၀ါလီ ခံ ရသော ရောဂါ ပါ ။ ကျောက်ကပ်ဆေးနေရသူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။အချိန်အခိုက်အတန့်တခုသာ
ထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။
လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။
ထို့ကြောင့်ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။ ဖြစ်ခါစတွင်ပျောက်ကင်း၍ နာတာရှည် ခံစားနေရသူ
များသက်သာပြီး ကျောက်ကပ်ဆေးနေရသူများ အကြိမ်ရေ လျော့ပါးလာစေရပါမည်ဟု လုံးဝအာမခံပါသည်။
ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။သိသိခြင်း ဆောင်ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။

ခဝဲသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ





ကလေးတွေက စားလို့ အရသာမရှိဆုံး ဟင်းသီးဟင်းရွက်ပဲလို့ ပြောလေ့ရှိတဲ့ အသီးက ခဝဲသီးပါ။ ခဝဲသီးရဲ့ အရသာက အလွန်မကောင်းဘူး ဆိုပေမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကိုတော့ အများကြီး ပေးနိုင်ပါတယ်။

၁) အာဟာရဓာတ် အစုံအလင်ပေးပါတယ်
ခဝဲသီးမှာ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ရိုင်ဘိုဖလေဗင်၊ ဇင့်(သွပ်)ဓာတ်၊ သိုင်ယာမင်ဓာတ်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ များစွာ
ပါဝင်မှုများပြီး အဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။

၂) ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။
ပြည့်ဝဆီနဲ့ ကိုလက်စထရော ပါဝင်မှုနည်းပြီး အမျှင်ဓာတ်များများ ပါဝင်တာကြောင့် ကိုယ်အလေးချိန် အမြန်
လျော့ကျလိုသူတွေအတွက် သင့်တော်တဲ့ အစားအစာပါ။ ခဝဲသီးမှာ ရေဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ဗိုက်ပြည့်စေတဲ့
အစာဖြစ်ကာ ကယ်လိုရီများတဲ့ တခြားအစာတွေကို လျှော့စားဖြစ်စေပါတယ်။

၃) အသားဝါဖြစ်နှုန်းကို သက်သာစေပါတယ်။
ခဝဲသီးအရည်ကို အသားဝါ ဖြစ်နေသူတွေက သဘာဝအိမ်သုံးအစာ တစ်မျိုးအဖြစ် သုံးကြပါတယ်။ ခဝဲသီးကို အရည်ညှစ်ပြီး
သန့်စင်တဲ့ ပိတ်စတစ်စနဲ့ စစ်ယူပြီး သောက်လေ့ရှိကြပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါ။

Wednesday, June 19, 2013

ငယ်ငယ်ရွယ်ရွယ်နှင့်ဆံပင်ဖြူသူများအတွက် ဆေးတစ်လက်

အသက်ငယ်ငယ်အရွယ်မှာ ဆံပင်ဖြူခြင်းသည်  ကိုယ်တွင်း၌ လိုအပ်သော အဟာရဓါတ်အားနည်းခြင်း
ကြောင့်ဖြစ်ပါသည်။ ထိုအဟာရဓါတ်ကို မြန်မာ့ရိုးရာ စားစရာတစ်မျိုးဖြစ်သော ထန်းလျက်မှရရှိပါသည်။
အချိန်မတိုင်ခင် အရွယ်ငယ်ငယ်မှာ ဆံပင်များဖြူခဲ့ပါလျင်  ထန်းလျက်တစ်နေ့ တစ်ခဲ ပုံမှန်စားသုံးပေးခြင်း
ဖြင့် တစ်လ နှစ်လ ကြာသောအခါ ဆံပင်ဖြူများရော့နည်းလာပြီး ဆံပင်များပြန်လည် နက်မှောင်လာပါမည်။
ဆံပင်များ နက်မှောင်လာခဲ့ရင်လဲ ထန်းလျက်စားခြင်းကိုရပ်တန့် မပစ်ပဲ တစ်နေ့ တစ်ခဲပုံမှန်ဆက်စားသင့်ပါ
သည်။

ခင်မင်လေးစားစွာဖြင့်..............                                        မောင်နေထွန်းလှိုင်(ပုသိမ်)

သွေးပေါင်ကျသွေးအားနည်းသူများအတွက်ဓါတ်စာ...

သွေးပေါင်ကျသွေးအားနည်းသူများသည် ခဏခဏ မူးခြင်းမောခြင်းဝေဒနာများကိုခံစားရပေသည်။
ထိုဝေဒနာများပျောက်ကင်းအောင်အောက်ပါဓါတ်စာကိုစားပေးခြင်းဖြင့်သက်သာပျောက်ကင်းသွားပါလိမ့်မည်။
ထိုဓါတ်စာမှာ  ပဲပင်ပေါက်ကို  ဘဲဥ(သို့ ) ကြက်ဥ နှင့်ကြော်စားခြင်းဖြစ်ပါသည်။ ထမင်းစားတိုင်းနေ့ စဉ်သ
တိထားစားသုံးပေးပါလျင် သွေးပေါင်ကျခြင်းကင်းဝေး၍ ကျန်းမာလာပါလိမ့်မည်။
ခင်မင်လေးစားစွာဖြင့်...
                                                                              မောင်နေထွန်းလှိုင်(ပုသိမ်)

ကျောက်ကပ်တွင်အပူကပ်၍ ခါးနာသောအခါ ...

ကျောက်ကပ်တွင်အပူကပ်၍ ခါးနာသောအခါ ကိုယ်တွင်းအပူရှိန်သည်  သတိထားမိအောင်တဖြေးဖြေး
ပူလာသည်ကိုတွေ့ ရလေသည်။ ဆီးသွားလျင်လည်း ပူနေသည်ကိုတွေ့ ရသည်။ ခါးနာခြင်းမှာလဲ ပိုပိုဆိုး
လာတတ်လေသည်။ ထိုအခါအလွယ်ဆုံးဆေးနည်းတစ်နည်းမှာ  ပဲပင်ပေါက်ကိုကြိုက်သလိုပြုလုပ်စား
သောက်ပေးခြင်းဖြစ်ပါသည်။ ကြော်စားစား၊ရေနွေးဖျောစားစား၊အစိမ်းစားစား(ရေနှင့်သေချာဆေး၍)
စားပါ၊ထူးဆန်းစွာ ကျောက်ကပ်အပူဝင်ရောဂါသက်သာလာပြီး ခါနာခြင်းများလဲပျောက်ကင်းသွားပါမည်။

ခင်မင်လေးစားစွာဖြင့် ....
                                                                             မောင်နေထွန်းလှိုင်(ပုသိမ်)

“ လူကြီးတွေ ဘာကြောင့် ဦးနှောက်သွေးကြောပြတ် သေဆုံးကြရပါသလဲ ” .......




............
၁၉၀၀ ပြည့်နှစ် ၀န်းကျင်လောက်က Thomas Vills “ သောမတ်စ် ဗီးစ် ” ဆိုတဲ့ ကောင်လေးတစ်ယောက်သူအရမ်းချ စ်တဲ့ သူ့အဖိုး...သူ့ရှေ့မှာ ဦးနှောက်သွေးကြောပြတ်သွား တာကိုကြုံခဲ့ရတယ်..။
ဘာမှ မသိသေးတဲ့ ကလေးလေးဆိုပေမဲ့ သူ့အရမ်းချစ်တဲ့ အဖိုးဖြေးဖြေးလဲကျသေဆုံးသွားပုံကို မျက်စိထဲက မထွက်ခဲ့ဘူး..။

Thursday, June 6, 2013

အရေးပေါ်ကြို့ (ခေါ်)ဂျို့ ထိုးခဲ့သော်.....

အရေးကြီးကိစ္စများဆောင်ရွက်ရန်ရှိသည်အချိန်များတွင်၎င်း၊ အစည်းအဝေးတက်ရောက်ရသောအချိန်များ
တွင်၎င်း၊စိတ်လှုပ်ရှားမူများကြောင့်၎င်း၊ သို့ မဟုတ် အစာအိမ်အပူလောင်မူများကြောင့်၎င်း တအစ်အစ်နှင့်
ကြို့ (ခေါ်)သောဂျို့ ထိုးတတ်ပေသည်။ထိုအခါများတွင် ဘာမှစိတ်ညစ်စရာမလိုပဲ လွယ်လွယ်ကူကူပျောက်
ကင်းမည့်နည်းလမ်းလေးတစ်ခုကို ဆေးနည်းလေးတစ်ခုကိုတင်ပြလိုက်ပါသည်။ထိုနည်းလေးမှာ ကော်ဖီမှုန့် 
တစ်ခါဖျော်စာ ယူပါ ပြီးရင်သကြားချိုချိုထည့်ပြီးရေနွေးပူပူနွေးနွေးနှင့်လေးဖျော်သောက်လိုက်ပါ ၊

နှစ်မီးနစ်အတွင်းကြို့ (ခေါ်)ဂျို့ ထိုးခြင်းလုံးဝရပ်သွားပါလိမ့်မည်။တကယ်ကောင်းသောဆေးနည်းဖြစ်ပါသည်။
အပူလောင်နေသော အစာအိမ်ကြောင့် ကြို့ ထိုးခြင်းကို ရေဓါတ်အပြည့်ပါသော ကော်ဖီကိုချိုချိုဖျော်
သောက်လိုက်သဖြင့် အစာအိမ်အေးသွားကာ ကြို့ ထိုးခြင်းလဲပျောက်သွားခြင်းဖြစ်ပါသည်။
ခင်မင်လေးစားစွာဖြင့်.....
                                                              မောင်နေထွန်းလှိုင်(ပုသိမ်)

Wednesday, June 5, 2013

ဆီးချိုရောဂါရှိသူများ ပဲဟင်းများများစား.....

ကုလားပဲ၊ပဲနီလေး၊ပဲဝါလေး စသောအစရှိတဲ့ ပဲအမျိုးမျိုးကို စားသုံးတာကြောင့် အမျိုးအစား(၂)ဆီးချိုရောဂါ

ရှိသူတွေမှာနှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေလျော့နည်းနိုင်တယ်လို့  အာဟာရဆိုင်ရာဂျာနယ်တစ်ခုမှာ

ဖေါ်ပြထားပါတယ်။ ပဲအမျိုးမျိုးဟာ Gkycaemic Index လျော့နည်းတဲ့အစာတွေဖြစ်တာကြောင့် သွေးတွင်း

အဆီဓါတ်နှင့် သွေးဖိအားကို ထိန်းချုပ်နိုင်စွမ်းရှိပြီး နှလုံးရောဂါဖြစ်နိုင်ခြေ နည်းတယ်လို့ သိရပါတယ်၊

ပဲဟင်းကိုတစ်ခွက်(သို့ )ရေမှာ ပျော်ဝင်တဲ့ အမျှင်ဓါတ်တွေအများအပြားပါဝင်တဲ့ ကောက်နှံတစ်ခုလုံးစာကို

စားပေးပါ။

ပြန်လည်မျှဝေခြင်း..
                                                                      မောင်နေထွန်းလှိုင်(ပုသိမ်)

သွေးလွန်တုတ်ကွေးရောဂါအကြောင်း...


သွေးလွန်တုတ်ကွေးရောဂါ @Dengue Hemorrhagic Fever
Wednesday, June 05, 2013
( မိုးရာသီစတင် ၀င်ရောက်လာသည်နှင့်အမျှ ကလေးငယ်များတွင် သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားမှု များပြားလာပါသည်။ ထို့ကြောင့် သွေးလွန် တုပ်ကွေးနှင့် ပတ်သတ်သော အချက်များအား တင်ပြပေးချင်းဖြစ်ပါသည်။ )
Myanmar Online News Admin Group


သွေးလွန်တုတ်ကွေးရောဂါ ဆိုတာဘာလဲ။


သွေးလွန်တုတ်ကွေးရောဂါ ဆိုသည်မှာ ကလေးများတွင် အဖြစ်များသော ခြင်မှတဆင့် ကူးစက်တတ်သည့် ရောဂါတစ်မျိုး ဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲတိုင်းပြည်များတွင် ကလေးများ၏အသက်ကိုအဓိက ဒုက္ခပေးနေသော ရောဂါ တစ်မျိုးလည်း ဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးတိုင်းပြည်များတွင်မူ ခြင်မရှိသောကြောင့် မတွေ့ရတော့ပါ။


သွေးလွန်တုတ်ကွေးရောဂါဟာ ဘာ့ကြောင့် ဖြစ်ရတာလဲ။


သွေးလွန်တုတ်ကွေး virus ကြောင့်ဖြစ်ပါသည်။ ယင်း virus သည် ခြင်၏သွေးမှတဆင့်လူ၏ သွေးထဲသို့ကူးစက်ခြင်းဖြစ်ပါသည်။ သွေးလွန်တုတ်ကွေး virus အမျိုးအစား လေး မျိုးရှိပါသည်။


ဘယ်လိုနည်းတွေနဲ့ ကူးစက်တတ်ပါသလဲ။


သွေးလွန်တုတ်ကွေး ရောဂါပိုးကို သယ်ဆောင်ထားသော ခြင်ကိုက်သောကြောင့် ဖြစ်ပါသည်။ Aedes ခြင် အမျိုးအစားဖြစ်ပါသည်။ နေ့ဘက်တွင်ကိုက်တတ်ပြီး နေအိမ်ရှိ အလင်းရောင်ကွယ်သော နေရာများတွင် ပုန်းခိုနေတတ်ပါသည်။


ရောဂါဖြစ်လာရင် ဘာလက္ခဏာတွေ ပြတတ်ပါသလဲ။


သွေးလွန်တုတ်ကွေး ရောဂါတွင် အဆင့် လေးဆင့်ရှိပါသည်။


အဆင့်တစ်သည် သာမန် တုတ်ကွေးမိသကဲ့သို့သာ ဖျားပြီး နေပြန်ကောင်းသွားတတ်သည်။လက်မောင်းတွင် သွေးပေါင်ချိန်တိုင်းသော ကိရိယာဖြင့် ငါးမိနစ်ခန့် ခပ်တင်းတင်း စည်းထားပါက အနီအစက်အပျောက်များ ပေါ်လာသည်ကိုတွေ့ရတတ်ပါသည်။ ၎င်းကို Hess test ဟုခေါ်ပါသည်။


အဆင့်နှစ်တွင် အဖျားပိုကြီးလာသည့်အပြင် coffee ရောင်များ အန်ခြင်း၊ သွားဖုန်း သွေးယိုခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ ၀မ်းမည်းမည်းများသွားခြင်း များဖြစ်တတ်ပါသည်။


အဆင့်သုံးတွင် အထက်ပါ လက္ခဏာများအပြင် ကလေးအရမ်းမှိန်းလာခြင်း၊ သတိလစ်သွားခြင်း၊ ခြေဖျားလက်ဖျားများ အေးစက်လာခြင်း များဖြစ်တတ်ပါသည်။ ၎င်း လက္ခဏာများသည် ကလေးတွင် shock (သွေးလန့်ခြင်း) ရတော့မည့် လက္ခဏာများဖြစ်ပါသည်။


အဆင့်လေးတွင် သွေးပေါင်ချိန်နှင့်သွေးခုန်နှုန်း တိုင်းလို့မရတော့ဘဲ သွေးလန့်ခြင်းအဆင့်သို့ ရောင်သွားတတ်ပါသည်။


အဆင့်လေးဆင့်ရှိသော်လည်း ကလေးတိုင်းတွင် အဆင့်တစ်မှ လေးအထိဖြစ်မည်ဟု မဆိုလိုပါ။ အချို့ကလေးများတွင် အဆင့်တစ်သာဖြစ်၍ အချို့ ကလေးများတွင် အသက်သေဆုံးသည်အထိ ဖြစ်တတ်ပါသည်။ အဆင့်တစ်ရောဂါရှိသောကလေးသည် ရုတ်တရက် အဆင့်သုံး/လေးသို့ ခုန်သွားတတ်ပါသည်။ ထို့ကြောင့် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပါက မပေါ့ဆသင့်ဘဲကလေးငယ်ကို သေသေချာချာ ပြုစုစောင့်ကြည့်ရမည်ဖြစ် ပါသည်။

သွေးလွန်တုတ်ကွေးရောဂါတွင် ကြောက်စရာအကောင်းဆုံးမှာ shock ပင် ဖြစ်ပါသည်။
ကလေးသည် ၅ ရက်မှ ၇ ရက် အထိ ဖျားတတ်ပြီး တုတ်ကွေး၏လက္ခဏာများကို ပြသပါလိမ့်မည်။ shock ရပါက ၃ ရက် မှ ၅ ရက် အတွင်းရတတ်ပြီး မိဘများက ကလေးကိုယ်ပူကျသွားသောကြောင့
ပေါ့ဆ သွားတတ်ရာ အန္တရာယ်များလှပါသည်။ ကလေးမှာ အမှန်စင်စစ် ကိုယ်ပူကျသွားခြင်းမဟုတ်ဘဲ shock ရသွားခြင်းဖြစ်သောကြောင့် ထိုရက်များတွင် ကလေးကို အထူးဂရုစိုက်ရမည် ဖြစ်ပါသည်။ ကလေးကို စောင့်မကြည့်တတ်ပါက ဆေးရုံသို့သာခေါ်ဆောင်သွားစေလိုပါသည်။


ဘယ်လိုလက္ခဏာတွေပြရင် ကလေးကို ဆေးရုံတင်သင့်ပါသလဲ။


ကလေးကိုယ် အရမ်းပူခြင်း – ကိုယ်ပူရှိန်ကြောင့် ကလေးတက်သွား တတ်ပါသည်။
ကလေး အရမ်းမှိန်းခြင်း – shock ရချင်သောလက္ခဏာဖြစ်ပါသည်။
ကလေးက ကော်ဖီရောင်များအန်ခြင်း၊ ၀မ်းမည်းမည်းများသွားခြင်း
ဖျားပြီး သွားဖုန်းသွေးယြိုခင်းနှာခေါင်းသွေးလျှံခြင်း


ဘယ်အချက်တွေကို ရှောင်ကြဉ်သင့်ပါသလဲ။

ငုံးဥအစွမ်း




ငုံးဥကိုတော့ မသိတဲ့လူဆိုတာ ရှားပါတယ်။ဒါပေမယ့် ငုံးဥထဲမှာ ဆိုရင် ဘယ်လိုအာဟာရများစွာ ပါဝင်တာကိုတော့ သိတဲ့သူ ရှားပါးပါလိမ့်
မယ်။ငုံးဥထဲမှာ ပါတဲ့ အာဟာရတန်းဖိုးဟာဆိုရင် ကြက်ဥနှစ်လုံးစာနဲ့ ညီမျှ
တယ်ဆိုတာကော သိကြပါသလား။ငုံးဥဟာ လူ့ရဲ့ အဆုတ်နဲ့ သရက်ရွက်ကို
အားကောင်းစေပါတယ်။ငုံးဥကို စားသုံးသင့်တဲ့ သူတွေကတော့ ကလေး
တွေ၊ သက်ကြီးရွယ်အိုတွေ၊ သွေးအားနည်းတဲ့သူတွေ၊ ချူချာတဲ့သူနဲ့ မီးဖွား
ပြီးခါစ မိခင်လောင်းတို့ပဲ ဖြစ်ပါတယ်။ဦးနှောက်သွေးကြော ရှိတဲ့သူတွေက
တော့ ငုံးဥကို ပမာဏများစွာ မစားသင့်ပါဘူး။ငုံးဥမှာ ပရိုတင်း၊အဆီ၊သံဓာတ်
လက်စီသင်(Lecithin)၊vitamin-A ၊ vitamin-B1 ၊ B2 calcium ၊ မီးစုန်းဓာတ်၊
ဆိုဒီယမ်၊ မဂ္ဂနီဆီယမ် ၊ခယ်လီယမ်၊ကန့်ညို(ဆီလီနီယမ်)၊သတ္တုဓာတ် နဲ့ ကို
လက်စထရော တွေ လုံလောက်စွာ ပါဝင်ပါတယ်။ငုံးဥ၀ယ်ရာမှ လတ်ဆတ်ဖို့
က အရေးကြီးပါတယ်။အက်နေတဲ့၊အချိန်ကြာနေတဲ့ ငုံးဥကို မ၀ယ်ဖို့ သတိ
ထားရပါမယ်။ငုံးဥကို ၀ယ်ပြီးနောက် ရေခဲသေတ္တာထဲ သိမ်းထားပါ။ဝယ်တဲ့
နေ့ကစပြီး လ၀က်စာ အချိန်ထက် ကျော်ရင် အဲဒီငုံးဥကို လွင့်ပစ်လိုက်ပါ။
ငုံးဥကိုစားမယ်ဆိုရင် တစ်နေ့မှာ ၃လုံးကနေ ၅လုံးထိ စားသုံးဖို့ သင့်
လျော်ပါတယ်။ငုံးဥမှာပါတဲ့ vitamin-B ဟာ ဆီးချိုရောဂါကို ကူညီကုသပေး
ပါတယ်။အဲဒါအပြင် ဖောရောင်ခြင်းနဲ့ အူလမ်းကြောင်းနာခြင်းကိုပါ ကုသပေး
နိုင်တယ်။ငုံးဥမှာ အဆီနဲ့ ကိုလက်စထရောတွေ ပါဝင်တာကြောင့် ၀နေတဲ့
ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်။ပါဝင်တဲ့ ဓာတ်တွေကြောင့် သွေးကျ
စေပြီး သွေးကြော ကောင်းမွန်အောင် ကာကွယ် ထိန်းပေးတယ်။သွေးကြော
မှာ သွေးခဲခြင်း၊ သွေးခဲတာကြောင့် သွေးဖတ်ပိတ်ခြင်းတွေကို ကာကွယ်ပေး
ပါတယ်။နှလုံးသွေးကြော ရောဂါသည်တွေရဲ့ အားဖြည့် အစာလည်း ဖြစ်ပါ
တယ်။ပါဝင်တဲ့ လက်စီသင်ဟာ ကြက်ဥထဲမှာ ပါဝင်တာထက် ၃၊၄ ဆပိုပါ
တယ်။ငုံးဥဟာ သန္ဒေသားနဲ့ ကလေးငယ်တွေ အတွက် အားကောင်းစေတာ
မို့လို့ ကိုယ်ဝန်ဆောင်မိခင်တွေ ငုံးဥကို များများ စားပေးသင့်ပါတယ်။

ကြွက်နို့ ပျောက်ဆေး လွယ်လွယ်လေး

ကြွက်နို့ ဆိုသောရောဂါသည် လူမြင်ကွင်းများဖြစ်သော လက်ခြေစသောနေရာများတွင်အပေါက်များသော

ရောဂါဖြစ်သည်။ထိုရောဂါသည် မကုသတတ်လျင်ခက်ခဲလှပေသည်။ ကုသတတ်လျင်လွယ်ကူလှပေသည်။

ကြွက်နို့ ကိုလွယ်ကူစွာပျောက်တဲ့ အိမ်သုံးဆေးနည်းမှာ မီးဖိုချောင်ထဲမှရသောဆေးနည်းဖြစ်ပါသည်။

ပထမဦးစွာ မိမိသတ်လို သောကြွက်နို့ ကို ဆပ်ပြာနှင့်ရေစင်အောင်ဆေးပါ၊ ပြီးလျင်ရေကိုစင်အောင်သုတ်ပါ

ရေသုတ်ပြီးလျင် ကြွက်နို့ အား သန့် ရှင်းသော အပ်ဖြင့် သွေးထွက်အောင် ထိပ်ဝတွင် ပတ်လည်ထိုးစွပါ

Sunday, June 2, 2013

ဗောက်ပျောက်ဆေး


===========
သီးမွှေးပုံလေးနှင့် တင်ပြပေးထားသည့် ဌက်ပျောသီး အစွမ်းလေးကို စာဖတ်သူမှ ဖတ်ပြီးရက် မဆိုင်းဘဲ လုပ်ဆောင်သည့်တွက်
ဗောက်ပျောက် သွားကြောင့် သတင်းကောင်း ပေးပို့ လာသည့် အတွက် အားလုံး သိရှိစေနိုင် ထပ်မံ တင်ပြ ပေးပါသည် ။

ပြောင်းဖူးပေါက်ပေါက်နဲ့ ပတ်သက်နေတဲ့ရောဂါ




ပြောင်းဖူးပေါက်ပေါက်များတွင် ပါဝင်သောဓာတ်ပေါင်းတစ်မျိုးသည် နှလုံးရောဂါနှင့် ဆက်စပ်နေကြောင်း သုတေသီများက ဖော်ထုတ်နိုင်ခဲ့ သည်။ အဆိုပါဓာတ်ပေါင်းအမည်မှာ

Perfluorooctanoic အက်ဆစ် (PFOA) ဟု ခေါ်ဆိုကြောင်းသိရှိရ သည်။
အမေရိကန်ပြည်ထောင်စု၊ အနောက်ဗာဂျီးနီးယားပြည်နယ် ပြည့်သူ့ဆေးပညာတက္ကသိုလ်မှ သုတေသီများသည် နှလုံးရောဂါဖြစ် ပွားမှုနှင့် PFOA တို့၏ ဆက်စပ်နေမှု ကို

ဖော်ထုတ်နိုင်ခဲ့ပြီး အဆိုပါဓာတ် ပေါင်းသွေးတွင်းငယ်များပြားနေ သောအမေရိကန် ပြည်သူ ၁၂၀ဝတွင် လေ့လာမှုပြုခဲ့ ခြင်းဖြစ်သည်။ သွေး ကြောတွင်းဝယ် PFOA များနေသူ များတွင်

နှလုံးရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လျက်ရှိ ကြောင်း၊ အသက် အရွယ်၊ ကျား/မ၊ ကိုယ်အလေးချိန်၊ ဆေးလိပ်သောက် ခြင်းရှိ/မရှိနှင့် သွေးတိုးရောဂါ အခြေအနေများကို
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks